တကယ်တော့ကျောင်းတက်ရင်းနဲ့ဘလောဂ်ဆိုတဲ့အရာကိုကြားဖူးတာကတော့ကြာခဲ့ပါပြီ၊ဒါပေမယ့်ဘယ်လို
ဟာမျိုးကြီးလဲဆိုတာကိုတော့ရိုးသားစွာဝန်ခံရရင်ဒီ၂၀၀၇ နှစ် ကြမှသိတာပါ။ကျွှန်တော့ကိုမြန်မာဘလောဂ်
တွေကိုဝင်ကြည့်ပါလားဆိုပြီးတော့ပထမဆုံး မိတ်ဆက်ပေးခဲ့တာကသူငယ်ချင်းအောင်ဇွဲ ဖြစ်ပါတယ်။မှတ်
မှတ်ရရကျွှန်တော့်ကိုသူကမြန်မာဘလောဂ်လင့်ဂ်တစ်ခုလည်းပေးပြီးတော့ပါ။အဲဒါကတော့ကိုသန့်ဇင်အောင်
ရဲ့ဘလောဂ်ပဲဖြစ်ပါတယ်။ပထမဆုံးရောက်ခဲ့တဲ့ဘလောဂ်ပါ။ဒီလိုနဲ့နောက်တော့မြန်မာဘလောဂ်ဒါရက်ထရီ
ကိုရောက်ပြီးတော့တချိန်လုံးဘလောဂ်တွေလည်ရင်းနဲ့ပဲအချိန်တော်တော်ယူခဲ့ပါတယ်။နောက်တော့ငါလည်း
ဘလောဂ်တစ်ခုလောက်လုပ်မယ်ဆိုပြီးတော့ဘလောဂ်ကလွဲပြီးတခြားဘာမှကိုမလုပ်တော့ပါဘူး ဘလောဂ်
စရေးသူတိုင်းတွေ့ရတဲ့ပြသနာတွေကိုကျွှန်တော်လည်းတွေ့ခဲ့ရပါတယ်။ဇော်ဂျီဖောင့်သုံးဆိုလို့သုံးတယ်ဒါပေဟာမျိုးကြီးလဲဆိုတာကိုတော့ရိုးသားစွာဝန်ခံရရင်ဒီ၂၀၀၇ နှစ် ကြမှသိတာပါ။ကျွှန်တော့ကိုမြန်မာဘလောဂ်
တွေကိုဝင်ကြည့်ပါလားဆိုပြီးတော့ပထမဆုံး မိတ်ဆက်ပေးခဲ့တာကသူငယ်ချင်းအောင်ဇွဲ ဖြစ်ပါတယ်။မှတ်
မှတ်ရရကျွှန်တော့်ကိုသူကမြန်မာဘလောဂ်လင့်ဂ်တစ်ခုလည်းပေးပြီးတော့ပါ။အဲဒါကတော့ကိုသန့်ဇင်အောင်
ရဲ့ဘလောဂ်ပဲဖြစ်ပါတယ်။ပထမဆုံးရောက်ခဲ့တဲ့ဘလောဂ်ပါ။ဒီလိုနဲ့နောက်တော့မြန်မာဘလောဂ်ဒါရက်ထရီ
ကိုရောက်ပြီးတော့တချိန်လုံးဘလောဂ်တွေလည်ရင်းနဲ့ပဲအချိန်တော်တော်ယူခဲ့ပါတယ်။နောက်တော့ငါလည်း
ဘလောဂ်တစ်ခုလောက်လုပ်မယ်ဆိုပြီးတော့ဘလောဂ်ကလွဲပြီးတခြားဘာမှကိုမလုပ်တော့ပါဘူး ဘလောဂ်
မယ့်လေးထောင့်တွေပေါ်လိုပေါ်မညီမညာတွေပေါ်လိုပေါ်၊ဆီဗုံးမှာလည်းမြန်မာလိုမရစိတ်ကိုညစ်လို့ဒါပေ
မယ့်ဘယ်သူ့ကိုမှလည်းမမေးဖြစ်ခဲ့ပါဘူးကျောင်းမှာသင်ရတဲ့htmlတို့ java scriptအခြေခံတို့ရဲ့ကောင်းမှု
ပါ။သူများဘလောဂ်source coding တွေလိုက်ကြည့်ရင်းနဲ့ မြန်မာfont မြင်ရအောင်သူတို့အတိုင်းတူအောင်
လိုက်ပြင်တာပေါ့။ဒီလိုလိမ်ဖယ်လိမ်ဖယ်နဲ့လုပ်ရင်းအခုတော့ကျွှန်တော့်ဘလောဂ်ကကြည့်ပျော်ရှုပျော်တော့
ဖြစ်သွားပြီထင်တာပါပဲ။ရေးတာလဲသုံးလလောက် ရှိသွားပြီလေ၊တနေ့ကိုပိုစ်အသစ်တွေအများကြီးတင်တဲ့
အကိုအမတွေကိုတော့လေးစားပါတယ်။ကျွှန်တော့်ခင်ဗျာ ပိုစ့်အသစ်တစ်ခုတက်ဖို့အရေးကိုအချိန်မပေးနိုင်
ဘူးဖြစ်နေတယ်။ကျောင်းကိုမနက်၇နာရီမထိုးခင်သွားအိမ်ကို၅နာရီလောက်မှပြန်ရောက်ဟိုဟာလုပ် ဒီဟာ
လုပ်နဲ့အချိန်ကဘယ်လို့ကုန်လို့ကုန်မှန်းကိုမသိပါဘူး တညလုံးကွန်ပျူတာရှေ့ ထိုင်ထားတယ်ဆိုရင်တော့
နောက်တနေ့အတန်းထဲမှာအိပ်ပျော်တော့တာပါပဲဆရာမကအသံတိုး ကျောင်းသားတွေကဆူညံနေအောင်
စကားများဆိုရင်တော့ကျွှန်တော်လဲတော်တော်စိတ်ညစ်ပါတယ်အဲဒါကြောင့်တနေ့လေးချိန်ရှိတာမှာတချိန်
ကစိတ်မပါ တချိန်ကအိပ်ပျော် နဲ့ကျန်တဲ့နှစ်ချိန်လောက်ပဲကောင်းကောင်းစာလုပ်ဖြစ်ပါတယ်။အတန်းထဲမှာ
ကျွှန်တော်ထိုင်တာက နောက်ဆုံးတန်း တကယ်တော့အရှေ့မှာ အရမ်းထိုင်ချင်ပါတယ် ဒါပေမယ့် အတန်း
သားပေါင်း ၁၃၀ ရှိတဲ့အခန်းမှာမိန်းကလေးက၁၁၀ လောက်ယောင်္ကျားလေးက၂၀လောက်အရှေ့မှာက
မိန်းကလေးချည်းပဲယောက်င်္ကျားလေးတွေကအနောက်ဆုံးနားမှာပဲရှိတာလေ၊ကျောင်းတက်ရတာတနေ့တ
နေ့ကတော်တော်တော့ပျင်းစရာကောင်းပါတယ်ဗျာ။ ကွန်ပျူတာတက္ကသိုလ်တဲ့၊ အင်တာနက်လည်းလုံးဝမ
သုံးရပါဘူး၊ကျောင်းသားတွေဆိုရင်လည်း ဒုတိယနှစ်ရောက်နေတာတောင် typing ကောင်းကောင်းမရိုက်
တက်သေးသူတွေတောင်အများကြီးပါ။စက်ခန်းချိန်ကတစ်ပါတ်တစ်နာရီပါအဲဒီတစ်နာရီမှာမီးလာချင်းမလာ
ချင်းကကံတရားပါ။အင်တာနက်မဟုတ်ပါဘူးရိုးရိုး ကွန်ပျူတာကိုပါ။အိမ်မှာ ကွန်ပျူတာရှိသူများအတွက်က
တော့ဘာမှမဖြစ်ဘူးပေါ့..........၊
အင်း...စရေးတုန်းက ရေးချင်တာနဲ့ရေးရင်းနဲ့ရောက်လာတဲ့ လမ်းကတော့တော်တော် လွဲသွားတာပဲနော်..
အဲဒီလိုပါပဲတောင်ရေးမြောက်ရေးပါပဲကျွှန်တော်က၊...တော်ပါပြီဆက်ရေးလို့မဖြစ်တော့ပါဘူး...
ဆက်ရေးရင်အရှိန်လွန်ပြီးကွိုင်တက်လိမ့်မယ် သိတယ်ဟုတ် ဟိုဟာတွေပါလာလိမ့်မယ်ရေးတော့ဘူး
ရင်ထဲမှာပဲကျန်တာတွေကိုသိမ်းထားလိုက်တော့မယ်.......
မမြိုသိပ်နိုင်တဲ့နေ့ကြမှအန်ချလိုက်မယ်လေ.......


0 comments:
Post a Comment